(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး ပါတီဝင်များ သွေးလှူဒါန်းခြင်းနှင့်အမှတ်(၁)တပ်မတော်ကုတင်(၁၀၀၀)ဆေးရုံသို့ အလှူငွေများ ပေးအပွဲသို့ တက်ရောက်
ရန်ကုန်၊ဖေ၊၁၁
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကြီးမှူး၍ မင်္ဂလာဒုံခရိုင်၊ လှည်းကူး ခရိုင်၊ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် အင်းစိန်ခရိုင်ပါတီဝင် စေတနာရှင်သွေးလှူရှင်များမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ယနေ့နေ့လည်ပိုင်း အချိန်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁)တပ်မတော် ဆေးရုံ ကုတင်(၁၀၀၀)ရှိ သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးမှ အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်(၁၀၀၀)တပ်မှူးဗိုလ်မှူးချုပ်မြင့်ဇော်ထံသို့ အလှူငွေကျပ်သိန်း(၅၀)ပေးအပ် လှူဒါန်းခဲ့ပါသည်။