ဘိုကာနော့ဗ်စကီး ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ပြလိုက်တဲ့ မာကာရှက်ဖ်

ချန်ပီယံ နှစ်ယောက် တွေ့တဲ့ပွဲ ဖြစ်လို့ ပွဲကောင်း တစ်ပွဲကို ပရိသတ်တွေ ကြည့်ခွင့်ရခဲ့တာပါ။

နည်းစနစ်ပိုင်းအရရော ၊ ဗျူဟာပိုင်း အရရော ပြောစရာ မလိုအောင်ကို နှစ်ယောက်စလုံး ကောင်းလွန်းပါတယ်။

မာကာရှက် ရဲ့ Counter Striking က လုံး၀ကို တိကျလွန်းပါတယ်။

ဘိုကာနော့ဗ်စကီး ရဲ့ Ground Game Defense ကစားပုံ ကလဲ ထင်မထားလောက်အောင်ကို ကောင်းလွန်းပါတယ်။ ဘိုကာနော့ဗ်စကီးဟာ ဝိတ်တန်း တက်ထိုးတာဖြစ်ပေမယ့် ၊ မာကာရှက်ဖ် ကို လဲကျသွားအောင် ထိုးပြသွားတဲ့ အခိုက်တန့်တိုင်းက အထင်ကြီးစရာပါ။

မာကာရှက် ဟာ အိုလီဗဲရား ရဲ့ ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်အပြီးမှာတော့ ၊ ဘိုကာနော့ဗ်စကီး ရဲ့ UFC ဖိုက်တာဘ၀ ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကို ထပ်ပြီး ရပ်တန့်ပြလိုက်ပါပြီ။

လက်ရှိ UFC ရဲ့ နိုင်ပွဲဆက် အများဆုံး မှတ်တမ်းကို မာကာရှက်ဖ် က ၁၂ ပွဲ နဲ့ လွှဲပြောင်း ရယူသွားပါပြီ။

ပရိသတ် အများစုက အလွယ်တကူနဲ့ ပွဲပြီးမယ်လို့ ထင်ခံထားရတဲ့ ဘိုကာနော့ဗ်စကီး ကလဲ ထင်မှတ်မထားလောက်အောင် ၅ ချီ အပြည့် အကြိတ်နယ်နဲ့ ကစားပြသွားလို့ သူ့ရဲ့ စွမ်းဆောင်ရည်ကိုလဲ လုံး၀ အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။