နယ်စပ်ဒေသ ကိုဗစ်စည်းမျဉ်းများအား ဖေဖော်ဝါရီ ၁၃ မှစ၍ ရုပ်သိမ်းတော့မည်ဟုစင်္ကာပူကြေငြာ
စင်္ကာပူ၌ကိုဗစ်ရောဂါဆိုင်ရာ သတိပေးချက်များအားလုံးကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချလိုက်တော့မည်ဖြစ်ပြီး နယ်စပ်ထိန်းချုပ်မှု အစီအစဉ်များအားလုံးကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစကာ ရုပ်သိမ်းပေးတော့မည် ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်းမှာ တစ်ကမ္ဘာလုံးရှိကိုဗစ်ထိန်းချုပ်နိုင်မှုအခြေအနေတိုးတက်လာခြင်းနှင့် စင်္ကာပူ၏ ကျန်းမာရေးစောင့်ရှောက်မှုအပေါ်သက်ရောက်မှုရှိသည့် ကိုဗစ်အခြေအနေ လေျာ့နည်း လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
နိုင်ငံအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းစသည့် ပြည်တွင်းသတ်မှတ်ချက် စည်းမျဉ်းများ အားလုံးနီးပါးကိုလည်းလျှော့ချပေးတော့မည်ဟုလည်းဆိုသည်။နယ်စပ်ထိန်းချုပ်မှုအားလုံးကိုလျှော့ချလိုက်သည်နှင့် ကာကွယ်ဆေးမထိုးထားသည့် ခရီးသွားများအပါအဝင် ခရီးသွားများသည် ကိုဗစ်စစ်ဆေးမှုရလဒ်များကို ပြသရန် မလိုတော့ကြောင်းလည်းဖော်ပြထားသည်။
ယခုအချိန်၌ တင်းကြပ်မှုများကို လျှော့ချလိုက်သော်လည်း နိုင်ငံတကာအတိုင်းအတာအရ ကိုဗစ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေပြန်ဖြစ်လာပါက အခြေနေများကို ပြန်လည်တင်းကြပ်မည်ဟုလည်းပြောကြားခဲ့သည်။
ကိုဗစ်စည်းမျဉ်းများဖြေလျှော့ပေးလိုက်သော်လည်း ခရီးသွားများအနေဖြင့် အသည်း ရောင်အသားဝါရောဂါ၊ ကိုဗစ်မျိုးနွယ်ဝင် MERS ရောဂါနှင့်အီဘိုလာကဲ့သို့သော ရောဂါများအတွက်မူ ဆက်လက်စစ်ဆေးခံရမည်ဟုလည်း ဆိုခဲ့သည်။
Source : CNA