ရိုးမား၌ ဆက်နေရန် စမောလင်းကို ဆိုးလ်ကမ်းဘဲလ် တိုက်တွန်း

စပါးနှင့် အာဆင်နယ်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က အင်္ဂလန်နောက်ခံလူ စမောလင်းအား ရိုးမားအသင်း တွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။ စမောလင်း(၃၃ နှစ်)သည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် အင်တာမီလန်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ သို့သော် ဆိုးလ်ကမ်းဘဲလ်က ”စမောလင်းဟာ ရိုးမားမှာ သူ့ရဲ့ထိပ်တန်းခြေစွမ်းကို ပြနေပါတယ်။ သူ့အနေနဲ့ ဘာလို့ ရိုးမားက ထွက်မှာလဲ။ ရိုးမားက ထိပ်သီးအသင်းပါ။ အဲဒီအသင်းမှာပဲ သူ ဆက်နေသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။