အာဂျင်တီးနားပရိသတ်များအတွက်၎င်းမည်သို့အရေးပါကြောင်းချီးကျူးခဲ့သည့်အမျိုးသမီးသတင်းထောက် ကြောင့် မက်ဆီ မျက်ရည်ဝဲခဲ့ရ
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် အာဂျင်တီးနား ပရိသတ်များအတွက် ၎င်းမည်မျှအရေး ပါကြောင်း ချီးကျူးခဲ့သည့် အမျိုးသမီးသတင်းထောက်ကြောင့် မျက်ရည်ဝဲခဲ့ရကြောင်း သိရှိရသည်။ ခရိုအေးရှားအား (၃-ဝ) ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် မက်ဆီကို အာဂျင်တီးနား အမျိုးသမီး ဗီဒီယိုသတင်းထောက် ဆိုဖီယာမာတီနက်ဇ်ဆိုသူက အင်တာဗျူးပြုလုပ်ခဲ့သည်။ အဆိုပါအင်တာဗျူး၌ ဆိုဖီယာက မက်ဆီမှာ အာဂျင်တီးနားပရိသတ်များအတွက် တန်ဖိုးဖြတ်မရသူဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက “ဗိုလ်လုပွဲမှာ ကျွန်မတို့ နိုင်ချင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုရလဒ် ပဲထွက်ပါစေ အာဂျင်တီးနားပရိသတ်တိုင်းရဲ့ ရင်ထဲမှာ ရှင်ရှိတယ်။ ဒါကို ဘယ်သူမှ ထုတ်ပယ်လို့မရပါဘူး။ ကလေးတိုင်း အာဂျင်တီးနားဂျာစီရှိပြီး ဒါက အတုဖြစ်ဖြစ်၊ လုပ်ထားတာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ရှင်က လူတိုင်းအမှတ် ရအောင်လုပ်နိုင်ခဲ့ပြီး ဒါက ကမ္ဘာ့ဖလားရတာထက် ပိုပါတယ်။ လူများစွာ ကိုပျော်စေတဲ့အတွက် ကျေးဇူးပါ။ ကျွန်မ ပြောတာကို မှတ်ထားပါ။ ကျေးဇူးတင်ပါတယ် ကပ္ပတိန်” ဟု ဆိုခဲ့သည်။ မက်ဆီသည် ယင်းစကား ကို နားထောင်စဉ် မျက်ရည်ဝဲခဲ့ခြင်းဖြစ်သည်။