ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်တွင် ၁၃.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ်တွေ့ဆုံပွဲကို တောင်ဥက္ကလာပမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအားနိုင်ငံတော် အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုခြင်းနှင့် စတင်ခဲ့ကြသည်။ အစီအစဉ်အရ တောင်ဥက္ကလာပမြို့နယ်ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်ကြည်မှ အမှာစကားပြောကြားခြင်း၊ လူငယ်ခေါင်းဆောင် ဦးမင်းဟိန်းချစ်မှ လူငယ်များနှင့်ပါတ်သက်၍ လုပ်ဆောင်ချက်များ၊ လုပ်ရှား ဆောင်ရွက်မှုများနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးတို့အား ဦးစားပေး ဆွေးနွေးခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်များမှ သိလိုသည်များအား မေးမြန်းခဲ့ကြရာ ခရိုင်ဥက္ကဌ ဦးကျော်သီဟမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားအား နေ့လည် ၁၂၀၀ နာရီ အချိန်၌ ရုတ်သိမ်းခဲ့ကြသည်။

ထို့နောက် လူငယ်တွေ့ဆုံပွဲသို့တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပါတီဝင်လူငယ်အင်အား(၈၀)ကျော်ခန့် အား နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် ဥက္ကဌ ဦးကျော်သီဟ၊ မြို့နယ်အတွင်းရေးမှူးဒေါ်မြင့်မြင့်ကြည်နှင့် ကော်မတီဝင်များ၊လူငယ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။