ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်း ဒေသကြီးပါတီ ကော်မတီနှင့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ ကော်မတီနှင့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ ၀၀. နာရီ အချိန်က သရက်ခရိုင် ပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ သရက်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကျော်နှင့် ခရိုင်ပါတီ ကော်မတီဝင် များ၊ အောင်လံ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ သရက်ခရိုင် နှင့် အောင်လံ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌ ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး ၁၂ ၃၀ နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သိရသည်။