ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမင်္ဂလာဒုံခရိုင်ဥက္ကဌနှင့်အဖွဲ့ ရက် (၉၀) စီမံချက် အကောင်အထည် ဖော်ရေး နယ်မြေကွင်းဆင်း ဆောင်ရွက်

မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်နှင့် အတွင်းရေးမှုး ဦးမြင့်ကျော် တို့ဦးဆောင်၍ ၁၁-၁၂-၂၀၂၂ ရက်(တနဂ်နွေ)နေ့နံက် ၁၀နာရီအချိန်တွင်မြို့နယ် (နယ်မြေ တာဝန်ခံ)ဦးအောင်ကျော်ဦးနှင့်အတူသဃ်န်းကျွန်းကြီးကျေးရွာအုပ်စုသို့ကွင်းဆင်းရာ ရပ်ကျေးပါတီ ဥက္ကဌ ဦးကျော်မိုးနှင့်ကော်မတီဝင်များ/ပါတီကင်းကွာကော်မတီဝင်များ/လူငယ်ခေါင်းဆောင်/အမျိုးသမီးရေးရာအဖွဲ့/အလုပ်သမားဦးဆောင်အဖွဲ့တို့တွေ့ဆုံမိတ်ဆက်ကြပြီးမြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်သို့ရပ်ကျေး ပါတီဝင်အဆိုပြု့လွှာသစ်(၂၇)ဦးကိုပေးအပ်ခဲ့ပြီးမြို့နယ်ဥက္ကဌမှ ပါတီ၏ရက်(၉၀) စီမံချက်ပါလုပ်ငန်းစဉ် များဖြစ်သည့် ပါတီဝင်အင်အားများတိုက်ဆိုင်စိစစ်ခြင်း ဖွဲ့စည်းထားရှိသော လူငယ်ထုခေါင်းဆာင် /အမျိုးသမီးရေးရာ ခေါင်းဆောင်/အလုပ်သမားရေးရာဦးဆောင်အဖွဲ့တို့အားတစ်ဦးခြင်းအလိုက်ဆွေးနွေး အမြင်ခြင်းဖလှယ်ကြပြီး စကားဝိုင်းဆွေးနွေးပွဲအား မွန်းလွဲ ၁၂:၀၀ နာရီအချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက်မြို့နယ် ဥက္ကဌ ဦးမျိုးမင်းနိုင်နှင့်အတွင်းရေးမှုးဦးမြင့်ကျော်တို့သည် ယနေ့ညနေပိုင်း ၃ နာရီ အချိန်တွင် နွယ်ခွေကျေးရွာပါတီ ဥက္ကဌအိမ်၌မြို့နယ်(နယ်မြေတာဝန်ခံ)ဦးနေလင်းဦးနှင့်ရပ်ကျေးဥက္ကဌ/ ကော်မတီဝင်များ ပါတီအင်အားများစိစစ်ခြင်း လူငယ်/အလုပ်သမား/အမျိုးသမီးရေးရာ ဖွဲ့စည်းထားမှုတို့ အား ကြည့်ရှု့အားပေး ညှိနှုင်းဆောင်ရွက်ပေးခဲ့ပြီး ညနေ ၅:၃၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်ll

မဂ်လာဒုံ ​မြို့နယ်USDP မီဒီယာ