အီရန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်း

အီရန်တွင် မာဆာအာမီနီအမည်ရှိ မိန်းကလေးတစ်ဦးသည် နိုင်ငံအတွင်းပြဋ္ဌာန်းထားသည့် အမျိုးသမီးများ ၏ ဝတ်စားဆင် ယင်မှုစည်းကမ်းချက်ကို ချိုးဖောက်သည်ဟု ဖမ်းဆီးခံခဲ့ရပြီးနောက် ထိန်းသိမ်းခံထား ရချိန်တွင် သေဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှု များ နှစ်လကျော်ဖြစ်ပွားခဲ့ပြီးနောက် အီရန်အာဏာပိုင် များ က အကျင့်စာရိတ္တထိန်းသိမ်း ရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သည်ဟု အရာရှိ တစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်အရွယ် အာမီနီသည်   တီဟီရန်မြို့တော်တွင် အကျင့်စာရိတ္တထိန်း သိမ်းရေးရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံရပြီးနောက် သုံးရက်အကြာဖြစ်သည့် စက်တင်ဘာ ၁၆ ရက်တွင်သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်း တွင် အမျိုးသမီးများဦးဆောင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဆန္ဒပြအမျိုးသမီးများသည် ၎င်းတို့ ဦးခေါင်းကိုခြုံသည့် ခေါင်းမြီးခြုံဝတ်ရုံများ ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အစိုးရဆန့်ကျင်သည့် ကြွေးကြော်သံများ ကို ဟစ်ကြွေးခဲ့ကြသည်။

“အကျင့်စာရိတ္တထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဟာ တရားရေးဆိုင်ရာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် ဖျက်သိမ်းခဲ့ ပါတယ်”ဟုအစိုးရရှေ့နေချုပ် မိုဟာမက်ဂျက်ဖာမွန်တာဇီရီက ပြောကြားခဲ့သည်ဟု ISNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။