ရွှေတုံးရွှေခဲ ရောင်းချခြင်းနှင့် ရွှေဆိုင်အသစ် ဖွင့်လှစ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူ ၁၀၀ ကျော်ရှိကြောင်းရန်ကုန်ရွှေအသင်း ပြောကြား

ရွှေတုံးရွှေခဲ ရောင်းချခြင်းနှင့် ရွှေဆိုင်အသစ်ဖွင့်လှစ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူ ၁၀၀ ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးမျိုးမြင့်က ပြောကြားသည်။ “ အကုန်လုံးဆို ၁၀၀ ကျော်လောက်ရှိ တယ်။ ရွှေတုံးရွှေခဲ ရောင်းချမယ့်သူရော ရွှေ ဆိုင်အသစ်ဖွင့်မယ့်သူရောပေါ့” ဟု ဦးမျိုးမြင့် က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင် လုပ်ငန်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင် ဘာလကုန်၌ သက်တမ်းကုန်ဆုံးပြီး လာမည့် နှစ်အတွက် ရွှေလုပ်ငန်းလိုင်စင် သက်တမ်း တိုးခြင်းကိုလည်း ကြိုတင်ဆောင်ရွက် လျက် ရှိ ကြောင်း သိရသည်။

အောက်တိုဘာလပိုင်းက ရန်ကုန်တိုင်း အတွင်းရှိ ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေ ဆိုင်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ရွှေတုံး ရွှေခဲသန့်စင်ခြင်းလုပ်ငန်း သက်တမ်းတိုးရာတွင် လုပ်ငန်းအကြီး၊ အလတ်၊ အသေး ခွဲခြားပြီး လျှောက်ထား ရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းက ညွန်ကြားထားသည်။ လုပ်ငန်းလိုင်စင်အသစ်လျှောက်ထား ခြင်း၊ သက်တမ်းတိုးခြင်း၊ ရွှေတုံးရွှေခဲလိုင်စင် လျှောက်ထားခြင်းများပြုလုပ်ပါက ယင်းသို့ ခွဲခြားကာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ယင်းသို့ လျှောက်ထားခြင်းအပေါ် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီသို့ တင် ပြရာတွင် ထောက်ခံချက်ပေးကာ ဆက်လက် ပေးပို့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်ရွှေ စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကာ ဝယ်သူမရှိသလောက် ဖြစ်ခဲ့သည် ဟု ရန် ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။ လက်ရှိရွှေစျေးနှုန်းမှာ ကမ္ဘာ့စျေးကွက် တွင်လည်း ကျဆင်းနေသဖြင့် ပြည်တွင်းစျေး ကွက်လည်း ကျဆင်းနေကြောင်း၊ ဒေါ်လာ စျေးကျဆင်းနေခြင်းမှာလည်း တစ်စိတ်တစ် ပိုင်းပါဝင်ကြောင်း ဦးမျိုးမြင့်က ဆက်လက် ပြောကြားသည်။ လက်ရှိတွင် ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းကျော်ရှိနေ ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ကသတ်မှတ်ထားသည့် ရွှေစျေးနှုန်းမှာ ကျပ် သိန်း ခြောက်သောင်းကျော်သာ ရှိသည်။ အောက်တိုဘာ လဆန်းပိုင်းတွင် သယံ ဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက လေလံစနစ် ဖြင့် ရောင်းချပေး သည့် ရွှေခြောက် ပိဿာမှာလေလံပွဲတွင်အား လုံးရောင်းချခဲ့ရသည်။ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရွှေလေလံ ပွဲတွင် တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များအသင်းမှ သိရသည်။