မိုးညှင်းတွင် ရက် ၉၀ စီမံချက် ရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ယနေ့ မနက် ၁၀ နာရီတွင် မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ စည်းဝေးတွင် ပါတီကော်မတီဝင်များ၊ရပ်/ ကျေးစည်းမှူးများ၊ ပါတီဝင်များတွေ့ဆုံ၍ ရက် (၉၀)စီမံချက်နှင့် လမ်းညွှန်ချက် (၈)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်နယ်ကော်မတီဝင်နှင့် ခရိုင်/ မြို့နယ် ဥက္ကဌ တို့မှ တက်ရောက်ပြီး ရပ်ကျေးအဖွဲ့ဝင်များနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး သိရှိလိုသောကိစ္စများကိုလည်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။