ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရက် ၉၀ စီမံချက်နှင့်ပတ်သက်၍ ပထမ တစ်လ တာအတွင်း ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးသုံးသပ်ခြင်း
၂၄.၁၁.၂၀၂၂ ယနေ နံနက် ၁၀နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ရက် ၉၀ စီမံချက်နှင့်ပတ်သက်၍ ပထမတစ်လ တာအတွင်း ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းကော်မတီဝင် ဦးအောင်နိုင်ဦး ၊ ခရိုင်ကော်မတီဝင် ဦးစံရ ၊ မြို့နယ်ဥက္ကဌ ဦးစိုးအေးနှင့် အတွင်းရေးမှူး ဦးအောင်မျိုးခိုင် ၊ မြို့နယ်ကော်မတီဝင်များ ၊မြို့နယ် အရံကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး နေ့လည် ၁၂ နာရီအချိန်တွင် ဆွေးနွေးပြီးစီးခဲ့ပါသည်။