စစ်တွေမြို့ပြည်ခိုင်ဖြိုးပါတီ၏ ရက်(၉၀)စီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

စစ်တွေမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရက်(၉၀)စီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးအခမ်းအနား တွင် တတိယအကြိမ်ပါတီ ညီလာခံ အတွေ့အကြုံအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပါတီ၏ ရက်(၉၀)အတွင်း လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစီမံချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အခမ်းအနားသို့ စစ်တွေမြို့နယ်တာဝန်ခံ၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်အေးမာခင် (အမျိုးသမီးရေးရာတာဝန်ခံ)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစန်းငွေ (လူငယ်ရေးရာတာဝန်ခံ)၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်စိန်၊ မြို့နယ် ပါတီ ဘဏ္ဍာရေးမှူး ဦးကျော်သာနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

#SITWE_USDP