ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ မုံရွာမြို့ တေဇောတာရုံကျောင်းတိုက်ရှိ သံဃာတော်များအတွက်အလှူငွေလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ တေဇာတာရုံကျောင်းတိုက်ရှိဆွမ်း၊ သင်္ကန်း၊ကျောင်း ၊ဆေး ပစ္စည်းလေးပါး လိုအပ်နေသော သံဃာတော်များအတွက်ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဦးကျော်ဇောဝင်းနှင့် ပြည်နယ်ရုံးအုပ်ကြီး ဒေါ်အိအိခိုင်တို့မှ နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။