အင်းစိန်ခရိုင်အတွင်းပါတီလုပ်ငန်းစဥ်ရက်(၉၀)စီမံချက်ရှင်းလင်းခြင်းနှင့်လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ၏မူဝါဒ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်အတွင်းပါတီ၏ရှေ့လုပ်ငန်းစဉ် ရက်(၉၀)စီမံချက် ရှင်းလင်း ခြင်းနှင့်လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်းအားအင်းစိန်မြို့နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးတွင် ၂၂.၁၁.၂၀၂၂ နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗဟိုအရန်ကော်မတီဝင်၊ အင်းစိန်ခရိုင်ဥက္ကဌဦးမင်းသူထွန်း၊ အတွင်းရေးမှူးဦးသူရိန်လင်း၊ ဘဏ္ဍာရေးမှူးဦးကြည်စိုး၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှ မြို့နယ် ကော်မတီဝင်များနှင့်ပါတီဝင်အင်အား(၁၉)ဦးတက်ရောက်ခဲ့ပြီးအခမ်းအနားတွင်ပါတီ၏ရှေ့လုပ်ငန်းစဉ် များအားရက်(၉၀) စီမံချက်အတိုင်းစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ရန်ကုန်တွင်ကျင်းပပြု လုပ်မည့် လူငယ်ထု တွေ့ဆုံပွဲသို့အင်အားပြည့်ပြည့်ဝဝဖြင့် အတက်ပညာရှင်၊အသိပညာရှင် လူငယ်အမျိုးသား၊ အမျိုးသမီးများစုံလင်စွာတက်ရောက်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်မှာကြားပြီးတက်ရောက်လာကြသောပါတီဝင်များမှအပြန်အလှန်တင်ပြဆွေးနွေးကာအခမ်းအနားကို ၁၀:၄၅ချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။