ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗိုလ်တထောင် ခရိုင် ပါတီဝင်ဟောင်းများနှင့်တွေ့ဆုံပွဲပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီဝင်များနှင့် ပါတီဝင်ဟောင်းများတွေ့ဆုံပွဲအခမ်းအနားကို ၂၁.၁၁.၂၀၂၂ ရက်နေ့ နေ့လည် ( ၁:၀၀ ) အချိန်တွင် မဂ်လာ တောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင် ဥက္ကဌ ဦးညဏ်ဝင်းထိုက် က ပါတီ ဥက္ကဋ္ဌကြီး ဦးခင်ရီ ၏ လမ်းညွှန် မှာကြားချက်များ၊ရွေး ကောက်ပွဲ (PR)စနစ် နှင့်ပက်သက်၍ပိုမို သိရှိနားလည်အောင် ရှင်းလင်းပြောကြား ခဲ့ပါသည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟို ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီဥက္ကဌဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင် များ ၊ ဗိုလ်တထောင် ခရိုင် အတွင်းရှိ မဂ်လာတောင်ညွန့်မြို့နယ် ၊သာကေတမြို့နယ် ၊ဒေါပုံမြို့နယ်၊ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင် မြို့နယ် တို့မှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ရပ်ကျေးပါတီ ခေါင်းဆောင်များ နှင့် ပါတီဝင်ဟောင်းများ တက်ရောက် ခဲ့ကြပြီး အခမ်းအနားကို ညနေ ( ၃ :၀၀)တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။ #bobo (ygn)