ကျိုက်ထိုခရိုင်ပါတီအတွင်း ရက် ၉၀ စီမံကိန်းရှင်းလင်း

ကျိုက်ထိုခရိုင်ပါတီကော်မတီ ၃ လတာကာလရက် ၉၀ စီမံချက်အားရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းအားယနေ့  ၁၉.၁၁.၂၀၂၂ ရက်နေ့နံနက် ၁၀း၀၀ မှ ၁၁း၃၀အချိန်ထိ ကျိုက်ထိုခရိုင်ပါတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်​ပြည်နယ် အလုပ်အမှု​​ဆောင်ဦးဌေးလွင်၊ ခရိုင်ပါတီဥက္ကဌ ဦးဇေယျာဦး၊ အတွင်းရေးမှုး ဦးစိုးမင်းစမ်းနှင့်ခရိုင်ကော်မတီဝင်များ၊ ဘီးလင်းမြို့နယ်ပါတီဥက္ကဌ ဦးကျော်ဇေယျာမင်း နှင့် ကျိုက်ထို မြို့နယ်ပါတီအတွင်းရေးမှုးဦးကြည်စိုးတို့တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီ ဝင်​ပြည်နယ် အလုပ်အမှု​ဆောင်ဦးဌေးလွင်၊ ခရိုင်ပါတီဥက္ကဌနှင့်တက်ရောက်လာ သူများက တစ်ဦးချင်းခင်မင် ရင်းနှီးစွာ မိတ်ဆက် စကားပြောကြားခြင်းနှင့် ခရိုင်ပါတီဥက္ကဌက ၃ လတာရက်(၉၀)စီမံချက်အား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာ သူများကဆောင်ရွက်ရမည့် အခြေအနေများအားပြန်လည် ဆွေးနွေးပြောကြား ခဲ့ကြသည်။  ထို့နောက် ခရိုင်ပါတီ ကော်မတီဝင်များအား ရေးရာအလိုက်တာဝန်များ ခွဲဝေအပ်နှင်းခြင်းတို့အား ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။