ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်၊ကျေးရွာပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ခရိုင်၊ မြို့နယ်ပါတီကော်မတီများ နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာပါတီ ကော်မတီ ဝင်တို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်း၊ (၃) လတာ ကာလ ရက် (၉၀) စီမံချက်ပါ ပါတီလုပ်ငန်းစဉ်များအား တွေ့ဆုံ ဆွေးနွေးမှုများကို နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ဗဟိုပါတီဥက္ကကြီးဦးခင်ရီ ၏ လမ်းညွန်မှုများကို မြို့နယ်ပါတီဥက္ကဌ ဦးအောင်ဇော်လှိုင် မှရှင်းလင်းခြင်း၊ ” အသွင်သစ်ဖြင့်ဆက်ဆံရေး ” ဟူသောဆောင်ပုဒ်ကို ကိုင်စွဲ၍ ပထမရက် (၉၀)စီမံချက်ကာလပြင်ဆင်ဆောင်ရွက် နေမှု အခြေအနေများ၊ပါတီ၏မူဝါဒသဘောများ၊ပါတီဝင်အင်အားစာရင်းစိစစ်ခြင်း၊ပါတီဝင်အသစ်တိုးပွားရေး၊ ပါတီ ဝန်းရံ ထောက်ခံသူများ စုဆောင်းရေး မြေပြင်ပါတီဝင်များအားလုံး၏စာရင်းအမှန်ရရှိရေး စုဖွဲ့ထားမှုအခြေနေများ ဗဟိုဌာနချုပ် ၊ တိုင်းဒေသကြီး ၊ ခရိုင်ပါတီများ၏လုပ်ငန်းလမ်းညွန်ချက်များအား ဆွေးနွေးခဲ့ပြီး ခရိုင်ပါတီ ကော်မတီ ဝင် ဦးအုန်းကျော်မှ လက်ရှိနိုင်ငံရေးအခြေအနေများနှင်ံ့ ထားသင့်သည့် သဘောထားများအား ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ပါတီကော်မတီဝင်ဦးသောင်းဦးမှ ရွေးကောက်ပွဲစနစ်(PR)အားရှင်းလင်းဆွေးနွေး ခဲ့ကြ ပါသည်။
ခရိုင်၊မြို့နယ်ပါတီ၏ ဆွေးနွေးရှင်းလင်းမှုများအပေါ် တက်ရောက်လာကြသော ရပ်ကျေးပါတီကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြရာတွင် မြေပြင်ပကတိအခြေနေ လုပ်ငန်းဆောင်ရွှက်ရာတွင်ကြုံတွေ့နေရသောကိစ္စရပ်များ ၊ ရပ်ကွက်၊ကျေးရွာပါတီများ၏ စုဖွဲ့ထားရှိမှုများနှင့် ၎င်းတို့သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ မော်လမြိုင်ကျွန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှင့် ရပ်ကွက် ၊ ကျေးရွာအုပ်စုများရှိ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ သို့အင်အား(၇၅)ဦးတက်ရောက်ခဲ့ကြပြီးနေ့လည် ၁၁:၃၀ တွင်ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။