ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗိုလ်တထောင် ခရိုင် ပါတီ အဆင့်ဆင့်တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီဝင်များနှင့်  မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ အဆင့်ဆင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လည် ( ၀၁:၀၀ ) အချိန်တွင် မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင် ဥက္ကဌ ဦးညဏ်ဝင်းထိုက် က ပါတီ ဥက္ကဋ္ဌ ကြီး ဦးခင်ရီလက်ထပ်တွင် လှုပ်ရှားမှု ပိုမို အားကောင်းလာကြောင်း နှင့် ပါတီဝင် အင်အားကျစ်လစ်ခိုင်မာရေးစနစ်တကျ ဆောင်ရွက်ရန်၊ပါတီဝင်အင်အား၊ ဝန်းရံအင်အားစာရင်းများ မှန်ကန်စေရေးနှင့် တိုးပွားလာရေး၊ အသွင်သစ်နှင် ဆက်ဆံရေး၊ ပါတီပုံရိပ် လူပုဂ္ဂိုလ်ပုံရိပ် မြှင့်တင်ရေး၊ ပါတီဝင်အသစ်များ လေ့ကျင့်ပညာပေးနိုင်ရေး၊ Smart Party ဖြစ်ရေး၊ ရပ်/ကျေးအဆင့်ထိ ကွင်းဆင်း ပြီး ထိတွေ့ဆက်ဆံရေး၊ အုပ်စုဖွဲ့ ပုဂ္ဂိုလ်စွဲမရှိဘဲ ပါတီအောင်နိုင်ရေးကို အဓိကဦးစားပေးရေး၊ ဥပဒေပိုင်းဆိုင်ရာများ သိရှိနားလည်အောင် လေ့လာဆည်းပူးရေး၊ တန်းတူရည်တူဆက်ဆံရေး၊ မီဒီယာကဏ္ဍ အလေးထားရေး၊ ပါတီဝင်များ လုံခြုံရေး၊ အကူအညီလိုအပ်နေသူများအား ကူညီထောက်ပံ့ပေးရေး တို့နှင့် PR စနစ်အကြောင်း ပိုမိုသိရှိနားလည် အောင် ရှင်းလင်းပြောကြား ခဲ့ပါသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်း ထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင် များ ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ (၅)မြို့နယ်မှ မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကွက် (၇၅) ရှိရပ်ကျေးပါတီခေါင်းဆောင်များစုစုပေါင်း အင်အား(၁၁၆)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ( ၃: ၀၀)တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

#bobo (ygn)