ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်ခရိုင် တွေ့ဆုံပွဲပြုလုပ်

ရန်ကုန် နို၀င်ဘာလ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်မှ ခရိုင်ပါတီအဖွဲ့နှင့် မြို့နယ်ပါတီ အဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လည် ( ၀၂:၀၀ ) ခန့်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပါတီဝင်တစ်ဦးချင်းစီတိုင်း ဆောင်ရွက်နိုင်စေရန်အတွက် လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့် မှ ယနေ့ခေတ်နိုင်ငံရေးအခြေအနေများ၊ လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေများကို သုံးသပ်တင်ပြခဲ့ပြီး ပါတီဝင်လူငယ်များ အတွက် အကြံပြုဆွေးနွေးသုံးသပ်တင်ပြခဲ့ကာ ခရိုင်ပါတီဥက္ကဌ မှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ စီစဉ်ဆောင်ရွက် ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပေးတိုင်ပင်ဆွေးနွေးခဲ့ပြီး မိမိတို့ ခရိုင်အတွင်းရှိ မြို့နယ်များ၏ တာဝန်ရှိသူ အသီးသီးမှ မိမိတို့၏ ရေးရာများအလိုက် တာဝန်ကျေစွာဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်

ထို့နောက် ခရိုင်အတွင်းရေးမှုးနှင့် ဘဏ္ဏာရေးမှုးတို့မှ နှုတ်ဆက်အမှာစကားများပြောကြားခဲ့ကြကာ တက်ရောက် လာကြသောမြို့နယ်များမှ ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဏာရေးမှုး နှင့် ကော်မတီဝင်များက မိမိတို့ အမည်များ၊ တာဝန်ယူဆောင်ရွက်နေသော ရေးရာကဏ္ဏများနှင့် ပြန်လည်မိတ်ဆက်ကာ နေ့လည်(၃ : ၃၀)ခန့် အချိန်တွင် ပါတီ၏ သံဓိဌာန်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန်းစန်းဝင်း ၊ ဒေါ်အေးအေးမြင့် ၊ ခရိုင်ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း ၊ အတွင်းရေးမှုး ဒေါ်စမ်းစမ်းဌေး ၊ ဘဏ္ဏာရေးမှုးဦးဝဏ္ဏမျိုး နှင့် ကော်မတီဝင်များ ခရိုင်အတွင်းမှ မြို့နယ်များဖြစ်ကြသော ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌ ၊ အတွင်းရေးမှုး ၊ ဘဏ်ဏ္ဍာရေးမှုး နှင့် ကော်မတီဝင်(၄၈)ဦး တို့ တက်ရောက်ခဲ့ကြသည်။