လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

မြောက်ဒဂုံ နိုဝင်ဘာ ၁၃

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ကော်မတီ၊ ရပ်ကွက်ပါတီ ဥက္ကဌများနှင့် လုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာမြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ ရပ်ကွက်ဥက္ကဌများ တတ်ရောက်ခဲ့ကြပြီးပါတီဗဟိုဥက္ကဌကြီးဦးခင်ရီလမ်းညွှန်ချက်များဖြစ်သော ပါတီဝင်အားများ စီစစ်ခြင်း၊ တိုးချဲ့စည်းရုံးခြင်းတို့ကို စနစ်တကျဆောင်ရွက်ကြရန် အချိန်နှင့်တစ်ပြေးညီ မြို့နယ်သို့ ပေးပို့ရန် စသည်တို့ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။