မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာစကားဝိုင်းနှင့် ဘက်စုံသုံး ဆပ်ပြာဆီသင်တန်း ပြုလုပ်
ကျောက်ဆည် ၊ နိုဝင်ဘာ ၁၄ ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော အမျိုးသမီးရေးရာစကားဝိုင်းနှင့် ဘက်စုံသုံးဆပ်ပြာဆီသင်တန်းအား ယနေ့နံနက် (၉:၃၀)အချိန်က ကျောက်ဆည် မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုပါတီကော်မတီဝင် ဒေါ်လှလှအေး၊ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် ဘဏ္ဍာရေးမှုး ဒေါ်သီဂီအောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ဒေါ်ဝါဝါလှိုင် တို့မှ မျက်မှောက်မြန်မာ့နိုင်ငံရေး အခြေအနေများအား ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးချက်များအပေါ် တက်ရောက်လာသောအမျိုးသမီးများမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ဒေါ်လှလှအေး၊ ဒေါ်သီဂ်အောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ဒေါ်ဝါဝါလှိုင် တို့မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအမျိုးသမီးရေးရာစကားဝိုင်း နှင့် ဘက်စုံသုံးဆပ်ပြာဆီ သင်တန်းသို့ ဗဟိုပါတီကော်မတီဝင် ဒေါ်လှလှအေး၊ တိုင်းကော်မတီဝင်ဘဏ္ဍာရေးမှူး ဒေါ်သီဂ်အောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ဒေါ်ဝါဝါလှိုင် ၊ ကျောက်ဆည် ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ အတွင်းရေးမှူး ဒေါ်သီသီကျော်၊ ဒေါ်ခင်နွယ်မြင့်၊ မြို့နယ် အတွင်းရေးမှူး ဦးတင်မင်းမြတ်ဦး၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မြို့နယ်ကော်မတီဝင်များ၊ ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာ ကော်မတီဝင်များ ပါတီအားစိတ်ဝင်စားသူ အမျိုးသမီးများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အမျိုးသမီးရေးရာစကားဝိုင်းနှင့်ဘက်စုံသုံးဆပ်ပြာဆီ သင်တန်းအား နေ့လည် (၁၂:၂၀)အချိန်တွင် ပြီးဆုံးကြောင်း သိရသည်။ ကိုတင် kse