ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်ပါတီကော်မတီအဖွဲ့များ အမာခံပါတီဝင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၃

ယနေ့ ၁၃. ၁၁.၂၀၂၂ ရက် တနင်္ဂနွေနေ့ နေ့လည် ၂:ဝဝနာရီအချိန်၌ ဒဂုံမြို့သစ်ခရိုင် ဒဂုံအရှေ့မြို့နယ် ပါတီရုံးဝင်း၌ ရပ်ကွက်ကော်မတီအဖွဲ့များ၊ ပါတီအမာခံများ နှင့် တွေ့ဆုံပွဲဆောင်ရွက်ရာ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး တိုင်းကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ဒဂုံမြို့သစ်ခရိုင် ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း၊ ခရိုင်ကော်မတီဝင် ဒဂုံအရှေ့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ် ပါတီအတွင်းရေးမှုး ဦးလှမျိုးနှင့် မြို့နယ်ပါတီကော်မတီများ ဒဂုံအရှေ့မြို့နယ် ရပ်ကွက်များမှ ရပ်ကွက်ကော်မတီအဖွဲ့များ၊ အမာခံပါတီဝင်များ စုစုပေါင်း အင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့် မှ တက်ရောက်လာကြသူများကို အားပေးစကားများ ပြောကြားပြီး ပါတီလုပ်ငန်းများကို တက်ကြွစွာ ပိုမိုပူးပေါင်းဆောင်ရွက်ကြရေး၊ လုံခြုံရေးသတိနဲ့ အရာရာဆောင်ရွက်ကြရေး တိုက်တွန်းအားပေးခဲ့သည်။

ဆက်လက်၍ ခရိုင်ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း က ပါတီညီလာခံမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်  ယနေ့လူငယ်များ အလေးထားရမည့် ပါတီအောင်နိုင်ရေး လုပ်ငန်းစဉ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် ဥက္ကဋ္ဌ နှင့် အတွင်းရေးမှုးတို့မှ ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ ကို အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပါတီမိတ်ဆွေ ဝန်းရံအမာခံမိသားစုများမှ လှုဒါန်းသည့် ဆန်၊ ဆီ၊ဆား၊ ကြက်ဥ ၊ ပဲဝါလေးတို့ကို တက်ရောက်လာသူ ပါတီအဖွဲ့များအား ပြန်လည်မျှဝေခဲ့ကြပြီး ညနေ ၃:၃၀နာရီ တွင် တွေ့ဆုံပွဲပြီးစီးခဲ့သည်။