ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ တိုင်းအတွင်းရှိ မြို့နယ် (၃) မြို့နယ် သို့ ကွင်းဆင်းဆောင်ရွက်
ပဲခူး(အနောက်)၊ နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၉၀၀ အချိန်မှ ညနေ ၁၇၃၀ အချိန်ထိ တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ် (၃)မြို့နယ်သို့ ကွင်းဆင်းပြီး ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံမှုများအား ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ပါတီမှရေးဆွဲချမှတ်ထားသော ရက် ၉၀ စီမံချက်အား အောင်မြင်စွာအကောင်အထည်ဖော်ရေး၊ ပါတီဝင်အင်အား တိုးတက်ရရှိရေးနှင့် အင်အားစာရင်းများမှန်ကန်ရေး၊ ပါတီလုပ်ငန်းစိစစ်ရေးနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအား လိုက်နာဆောင်ရွက်ရေး၊ ပါတီဥက္ကဋ္ဌ လမ်းညွှန်ထားသော ရပ်ဝန်း ၈ ခုအား အောင်မြင်စွာအကောင်အထည်ဖော်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
#USDP #Myanmar
#Bagowest