ဒူဘိုင်းက လပုံသဏ္ဍာန် Mega-Resort ကို ဒေါ်လာ ၅ ဘီလီယမ်နဲ့ တည်ဆောက်နေ

ဒူဘိုင်းဟာ ငွေကြေး ချမ်းသာသလို ထူးခြားဆန်းပြားတဲ့ အရာတွေကို ပိုင်ဆိုင်ထားပါတယ်။ အခုလည်း ဒူဘိုင်းက လပုံသဏ္ဍာန် Mega-Resort ကို ဒေါ်လာ ၅ ဘီလီယမ်နဲ့ တည်ဆောက်နေပါတယ်။ ကနေဒါ ဗိသုကာ ကုမ္ပဏီ Moon World Resorts က တာဝန်ယူတည်ဆောက်မှာ ဖြစ်ပြီး တကယ့် လနဲ့ တူအောင် ဖန်တီးမှာပါ။

အာကာသကို ခရီးသွားချင်သူတွေအတွက် ရည်ရွယ်ဖန်တီးထားမှာ ဖြစ်ပြီး တကယ့် လကို ရောက်နေသလို ခံစားရမှာပါ။ Sky Villas လို့ ခေါ်တဲ့ နေအိမ် ၃၀၀ မှာ လည်ပတ်သူတွေက တည်းခိုနိုင်သလို Villa ကို အပိုင် ဝယ်ယူနိုင်မှာပါ။ ကလပ်တွေ ပါရှိတဲ့အတွက် ကခုန်ပျော်ပါးချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဒါ့အပြင် ပွဲအခမ်းအနားတွေ ပြုလုပ်နိုင်သလို Spa တွေ ထည့်သွင်းထားပါတယ်။ Moon Shuttle နဲ့ Mega-Resort ကို လည်ပတ်နိုင်ပါသေးတယ်။ အာကာသ အေဂျင်စီတွေနဲ့ အာကာသယာဉ်မှူးတွေအတွက် အထူး ဖန်တီးထားတဲ့ အဆောက်အဦးတွေလည်း ထည့်သွင်းထားမှာပါ။

Mega-Resort ကို ၂ နှစ်ကျော်ကြာ တည်ဆောက်မှာ ဖြစ်ပြီး အမြင့်က ၇၃၅ ပေကျော် ရှိမှာပါ။ တည်ဆောက်ပြီးစီးရင် ဧည့်သည်ပေါင်း အနည်းဆုံး ၂.၅ သန်း လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

Ref : robbreport