ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၃ရက်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် ခရိုင်ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က မရမ်းကုန်းခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဗဟိုအရံကော်မတီဝင် ဦးနေဝင်း၊ မရမ်းကုန်းခရိုင် ဥက္ကဌ ဦးမင်းသိန်းထွန်း၊ အလုံခရိုင် ဥက္ကဌ ဦးဇော်မင်းဦးနှင့် မရမ်းကုန်းခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဌများ၊ မြို့နယ်အလုပ်မှုဆောင်များ၊ ရပ်ကျေးဥက္ကဌများ နှင့် ပါတီဝင်များ တက်ရောက်ကာ ခရိုင်ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။