၁၉ နှစ်အရွယ်မှာတင် ကမ္ဘာ့အဆင့်(၁)ဖြစ်လာတဲ့ ထိုင်းဂေါက်သီးရိုက် အားကစားမယ် သီတီကူ

 

အသက် ၁၉ နှစ်အရွယ် ထိုင်းဂေါက်သီးရိုက် အားကစားမယ် သီတီကူဟာ ကမ္ဘာ့အဆင့် (၁) ဂေါက်သီးရိုက် အားကစားမယ်  ဖြစ်လာခဲ့ပါတယ်။ သီတီကူဟာ အသက် ၁၉ နှစ်၊ ၈ လ၊ ၁၁ ရက်အရွယ်မှာ ကမ္ဘာ့အဆင့်(၁) နေရာ တက်လှမ်းခဲ့တာဖြစ်ပြီး ဒုတိယမြောက် အသက်အငယ်ဆုံး ကမ္ဘာ့အဆင့်(၁) ဂေါက်သီးရိုက် အားကစားမယ် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ၁၇ နှစ်၊ ၉လ၊ ၉ ရက်အရွယ်မှာ ကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့တဲ့ လိုင်ဒီယာကိုနောက်ပိုင်း အသက်အငယ်ဆုံး ကမ္ဘာ့အဆင့်(၁)ပ။

၂၀၁၇ ခုနှစ်တုန်းက အသက် ၁၄ နှစ်၊ ၄ လကျော်အရွယ်မှာ Ladies European Thailand Championship ဂေါက်ရိုက်ပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့ သီတီကူဟာ ပရော်ဖက်ရှင်နယ်  ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ရပ်မှာ ဗိုလ်စွဲတဲ့ အသက် အငယ်ဆုံး အဖြစ်လည်း စံချိန်တင်နိုင်ခဲ့သူပါ။