ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊အောက်တိုဘာ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မင်္ဂလာဒုံခရိုင်  ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားအား ယနေ့ နံနက်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး  ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီဘဏ္ဍာရေးမှုး ဦးထွန်းထွန်းဦး၊ ခရိုင်ကော်မတီဝင်များ၊ ရွှေပြည်သာမြို့နယ် အတွင်းရေးမှုးဒေါ်မာမာမင်း နှင့် မြို့နယ်ကော်မတီဝင်များ ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား မင်္ဂလာအချိန်ဖြစ်သောနံနက် ၉နာရီအချိန်တွင် အမွှေးနံ့သာများ ပက်ဖြန်းကာ စိုက်ထူခဲ့ကြပါသည်။