ပြည်ခိုင်ဖြိုးပါတီ မဂ်လာဒုံခရိုင် ခရိုင်တာဝန်ပေးအပ်ခြင်းနှင့် ပါတီ ၏ ရှေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး

ရန်ကုန်၊အောက်တိုဘာ (၂၅)

ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံခရိုင်၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်တာဝန်ပေးအပ်ခြင်းနှင့် ပါတီ၏ ရှေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် တိုင်းပါတီကော်မတီဝင်၊ ခရိုင်နယ်​မြေတာဝန်ခံ ဦးတင်မောင်ဝင်းမှ ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခရိုင် ပါတီကော်မတီဝင်များနှင့် မဂ်လာဒုံခရိုင်တွင် ပါဝင်သော ရွှေပြည်သာမြို့နယ် ယာယီပါတီဥက္ကဌ  ဒေါ်မာမာမင်းနှင့် တွေ့ဆုံ၍အစည်းအဝေးကို ယနေ့ နေ့လည် (၁၄:၀၀ )အချိန်မှစတင်ကာ ခရိုင် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

 တိုင်းကော်မတီဝင်၊ ခရိုင်နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း က ပါတီ(ဗဟို)  ဥက္ကဌ ဦးခင်ရီနှင့် ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုး ၏ လမ်းညွှန်ချက်များ နှင့်ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များ အား ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသော ခရိုင်ပါတီဥက္ကဌ၊ ခရိုင်ပါတီအတွင်းရေးမှုးနှင့် ခရိုင် ပါတီကော်မတီဝင်နှင့် မြို့နယ် ယာယီဥက္ကဌ မှလည်း အပြန်အလှန်  ဆွေးနွေးတင်ပြခဲ့ကြပြီး ညနေ(၁၆:၁၅) အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

မဂ်လာဒုံခရိုင်၊ USDP

မီဒီယာ