ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပပြုလုပ်
တပ်ကုန်း အောက်တိုဘာ ၂၄
တပ်ကုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အေးချမ်းသာစံပြကျေးရွာ အုပ်စု အေးချမ်းသာစံပြကျေးရွာ တွင် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဗဟိုပါတီ ကော်မတီဝင် ဦးကျော်ကျော်လတ်၊ မြို့နယ်ပါတီနာယကကြီး ဦးစန်းလွင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဝင်းဘို၊ မြိုနယ်ပါတီဥက္ကဌ ဦးဇော်မျိုးသိန်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ရပ်ကျေးပါတီကော်မတီနှင့် ပါတီဝင်များ ပါတီ သို့ အသစ်ဝင်ရောက်မည့် ရပ်ရွာနေပြည်သူများစုစု ပေါင်း(၆၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။