ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ၏ နိုင်ငံတော်စျာပနအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး တက်ရောက်

ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက် ရောက်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံအစိုးရမှ ကြီးမှူးကျင်းပသည့်ဝန်ကြီးချုပ်ဟောင်း  မစ္စတာ ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပန အခမ်းအနားကို စက်တင်ဘာ၂၇ ရက် နေ့ လယ် ၂ နာရီက တိုကျိုမြို့ရှိ Nippon Budokan ခန်းမကြီး၌ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရ ကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီး ပါဝင်တက်ရောက်ကြောင်းပါရှိသည်။

အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်မစ္စတာဖူမီယိုကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့အဖွဲ့ဝင်များ၊ အောက်လွှတ်တော် နှင့်အထက်လွှတ်တော်ဥက္ကဋ္ဌများ၊တရားရုံး ချုပ်တရားသူကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ လွှတ် တော်အမတ်များ၊ ပြည်ပနိုင်ငံပေါင်း၂၀၀ ကျော်မှအစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှသံအမတ်ကြီးများ၊ သံ တမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များမှကိုယ်စားလှယ်များ စုစုပေါင်း ၄၃၀၀ ခန့်တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

အခမ်းအနားတွင် နိုင်ငံတော်စျာပန အခမ်းအနားကျင်းပရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာဟီရိုကာဇူမတ်ဆူနို မှ စျာပနအခမ်း အနားစတင်ကြောင်းကြေညာခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ နိုင်ငံတော်သီချင်းကို တီးမှုတ် ပြီးနောက်ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း ပြုလုပ်ခဲ့ကြကြောင်း၊  ယင်းနောက် ဇူလိုင် ၈ရက်ကကွယ်လွန်သွားခဲ့သည့်ဝန်ကြီးချုပ်ဟောင်းမစ္စတာရှင်ဇိုအာ ဘေး၏တာဝန်ထမ်းဆောင်ခဲ့မှုပုံရိပ်နှင့်ပတ်သက်သည့်ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ကြောင်း၊ ဆက်လက်၍ ဝန်ကြီးချုပ်ဟောင်းမစ္စတာရှင် ဇိုအာဘေးနှင့်ပတ်သက်၍ချီးကျူးဂုဏ်ပြု စကားများကို နိုင်ငံတော်စျာပန အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ်မစ္စတာဖူမီယိုကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌမစ္စတာဟီရိုယူကီဟိုဆိုဒါ၊ အထက်လွှတ် တော်ဥက္ကဋ္ဌမစ္စတာဟီဒေဟီဆာအော့ဆုဂျိ၊ တရားရုံးချုပ်တရားသူြ ကီးချုပ်မစ္စတာဆာဘူ ရိုတိုဂူရာနှင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ ဘေး၏မိတ်ဆွေများကိုယ်စားဝန်ကြီးချုပ် ဟောင်း ယိုရှီဟီဒေးဆူဂမှအသီးသီးပြောကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။  eleven