COVID-19 ဓာတ်ခွဲနမူနာ ၁၂၀၆၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၇၈ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ  ၁၂,၀၆၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၇၈ ဦး တွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏  စက်တင်ဘာ ၂၅  ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၂၁,၄၀၂ ဦးရှိကာ  သေဆုံးသူမရှိကြောင်း သိရသည်။ ထိုပြင်  ဆေးရုံများတွင် ကုသပြီး ပြန်လည်ကောင်းမွန်လာသူနှင့် နေအိမ်တွင် သီးခြားထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ ၂၈၉  ဦးရှိသဖြင့်  ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း   ၅၉၆,၉၄၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စက်တင်ဘာ ၂၅  ရက်ည ၈ နာရီထုတ်ပြန်ချက်အရ သေဆုံးသူ မရှိကြောင်း သိရပြီး COVID-19 ဖြစ်ပွားသည့်ကာလအတွင်း သေဆုံးသူ စုစုပေါင်း ၁၉,၄၅၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။