OneLove လက်ပတ်ကို အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဝတ်ဆင်ကစားမယ်

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ လာမယ့်နေရှင်းလိဂ်ပွဲစဉ်တွေနဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပွဲတွေမှာ OneLove ကမ်ပိန်းကို ထောက်ခံတဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

OneLove ကမ်ပိန်းဟာ လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုကို ကန့်ကွက်တဲ့လှုပ်ရှားမှုဖြစ်ပြီး နယ်သာလန် လက်ရွေးစင်အသင်းက အစပြုလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂျာမနီ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာ လန်၊ ဆွီဒင်၊ ပြင်သစ်နိုင်ငံတွေကလည်း OneLove လှုပ်ရှားမှုကိုထောက်ခံခဲ့ပြီး ၎င်းတို့ရဲ့အသင်းခေါင်းဆောင်တွေက ကာတာကမ္ဘာ့ဖလားမှာ အဆိုပါလက်ပတ်ဝတ်ဆင်မယ်လို့ ကြေညာခဲ့ပါတယ်။

ယခု အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်း OneLove လှုပ်ရှားမှုကိုထောက်ခံခဲ့ပြီး သောကြာနေ့မှာ ကစားမယ့်နေးရှင်းလိဂ်ပွဲမှာ စတင်ဝတ်ဆင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားလက်ခံကျင်းပမယ့်ကာတာနိုင်ငံမှာတော့ လိင်တူဆက်ဆံမှု၊ လိင်တူချစ်သူတွေကိုထောက်ခံခြင်းဟာ ဥပဒေအရ ရာဇဝတ်မှုမြောက်ကြောင်းလည်း သိရပါတယ်။

-Ref: BBC Sports