ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီအဖွဲ့နှင့် မြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌများ တွေ့ဆုံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်။ ။ စက်တင်ဘာ (၂၁)
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီအဖွဲ့နှင့် အရှေ့ပိုင်းခရိုင် အတွင်းရှိမြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌများတွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၁.၉.၂၀၂၂) နေ့လည်ပိုင်းက အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးကို အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဉာဏ်၀င်းထိုက်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ဘဏ္ဍာရေးမှူးဦးဝဏ္ဏမျိုး၊ စီမံနှင့်အမျိုးသမီးရေးရာတာ၀န်ခံ ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်၁၄မြို့နယ်မှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်နှင့် အမျိုးသမီးနှင့်လူငယ်များဘ၀ဖွံ့ဖြိုးစေရေးအတွက် သင်တန်းများ စဉ်တိုက်ဆက်တိုက် ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။