မြန်မာအသင်းဟောင်ကောင်နှင့်ခြေစမ်းပွဲနှစ်ပွဲကစားမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ အခုလထဲမှာ ဟောင်ကောင်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဆီကနေ သိရပါတယ်။ မြန်မာအသင်းကို ဟောင်ကောင်အသင်းက ခြေစမ်းပွဲကစားဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ရက်နဲ့ ၂၄ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအသင်းအနေနဲ့ ဟောင်ကောင်အသင်းနဲ့ ပြီးခဲ့မေလက လေ့ကျင့်ရေးပွဲစဉ်အဖြစ် နောက်ဆုံးကစားခဲ့ပြီး ဂိုးမရှိသရေကျထားပါတယ်။ ဂျာမန်လူမျိုးနည်းပြ အန်တိုနီဟေး တာဝန်ယူနေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့်၂၀၂၂ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(B)မှာကျရောက်နေပါတယ်။