နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ

နေပြည်​တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဒက္ခိဏခရိုင်တရားရုံးအနီးတွင် ​သြဂုတ် ၂၄ ရက် ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့​ကြောင်း သတင်းရရှိသည်။

“၈ နာရီ ထိုးပြီး​လောက်နဲ့ထင်တယ်။ တစ်​​ယောက်​တော့ ​ခြေ​ထောက်ထိတယ်လို့ ကြားတယ်။ ​နေရာ​တော့ တိတိကျကျ မသိဘူး။ ခရိုင်ရုံးနားမှာ ​ပေါက်တာလို့ ကြားတယ်။ ​သေနတ်သံ​​တော့ မကြားဘူး။ ဗုံး​ပေါက်တာ ​လေးချက်”ဟု ​ဒေသခံတစ်ဦးက ​ပြောကြားသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဆို​​သော ​ဒက္ခိဏခရိုင်တရားရုံးသည် ပုဗ္ဗသီရိမြို့နယ် ​အောင်သုခ​ကျေးရွာအနီးတွင် တည်ရှိပြီး ​နေပြည်​တော်​ကောင်စီရုံးနှင့်လည်း နီးကပ်​​သည့် ​​​နေရာဖြစ်သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဒက္ခိဏခရိုင်တရားရုံးအနီးတွင် သြဂုတ် ၂၄ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည့် ​ပေါက်ကွဲမှုအပြီးတွင် လူနာတင်ကားများ ​ရောက်ရှိ​လာကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကိုမူ သိရှိရခြင်းမရှိ​ကြောင်း ​ဒေသခံများက ​ပြောကြားသည်။ source;eleven