ထီးချိုင့်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်တက်ရောက်
ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) သူရဦးအေးမြင့်သည် ယခုလ ၂၆ ရက် နံနက် ၈ နာရီခွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ကျင်းပသည့် ထီးချိုင့်မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာ စကား ပြောကြားသည်။
ရှေးဦးစွာ ထီးချိုင့်မြို့နယ်ပါတီ မျက်နှာစုံညီအကြိုညှိနှိုင်းအစည်း အဝေးတွင် စစ်ကိုင်းတိုင်းဒေသ ကြီး ပါတီပြန်လည်ရွေးချယ်ဖွဲ့ စည်းရေးကော်မတီဝင် ဦးအောင် ကျော်ဦးက ရွေးချယ်မှုလုပ်ထုံးလုပ် နည်းများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် ထီးချိုင့်မြို့နယ် ပါတီအတွက် မြို့နယ်အလုပ်အမှု ဆောင် ကော်မတီဝင်အသစ် ၁၅ ဦးစီနှင့် အရန်မြို့နယ်အလုပ်အမှု ဆောင်ကော်မတီဝင်အသစ် ၁၅ ဦးစီ စုစုပေါင်း ကော်မတီဝင် ၃ဝ တို့ကို စိစစ်ရွေးချယ်ခြင်း လုပ်ငန်း စဉ်အဆင့်ဆင့်ဖြင့် စိစစ်ရွေးချယ် ကြသည်။
ယင်းနောက် ထီးချိုင့်မြို့နယ် ပါတီ မျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပပြီး မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီ ဝင်အသစ် ၁၅ ဦးတို့အား အမည် စာရင်းကြေညာခြင်း၊ ကတိသစ္စာ ပြုခြင်း၊ ပါတီတာဝန်များပေးအပ် ခြင်းတို့ကိုဆောင်ရွက်ပြီး ပြည်ခိုင် ဖြိုးပါတီ၏ ဦးတည်ချက်၊ ရည်မှန်း ချက်၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ချက်စာတမ်းငါးစောင်ကို မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် အသစ်များက ဖတ်ကြားတင်သွင်း ကြပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ‘ပြည်ခိုင်ဖြိုးပါတီအောင် ရမည်’ဟူသော ကြွေးကြော်သံဖြင့် ကြွေးကြော်ကာရုပ်သိမ်းခဲ့သည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့်အဖွဲ့သည် ရွေး ချယ်ပြီးသော ထီးချိုင့်မြို့နယ် ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးနှင့် အရန်မြို့နယ်ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး ပါတီဒုတိယ ဥက္ကဋ္ဌက သြဝါဒလမ်းညွှန်စကားများ ပြော ကြားခဲ့ကြောင်း သိရသည်။
အေးဇေယျာ