ပါတီမျက်နှာစုံညီစည်းဝေးပွဲ မြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့တွင် မြန်အောင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းတွင် သဘာပတိအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးသန်းဌေးကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်ပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီနှင့် ခရိုင်ပါတီကော်မတီဝင်ဒေါက်တာ သန်းထွဋ်တို့က ဆောင်ရွက်ကြသည်။
အစည်းအဝေး ပထမပိုင်းတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားခြင်း၊ဧရာဝတီတိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဦးအောင် တင်မြင့်က အမှာစကားပြောကြား ခြင်း၊ မြို့နယ်ပါတီကော်မတီ ပြန် လည်ပြင်ဆင် ရွေးချယ်ရေးအဖွဲ့ ခေါင်းဆောင်ဦးခင်မောင်ရီက ရွေး ချယ်ခြင်းဆိုင်ရာများရှင်းလင်းပြော ကြားခြင်းနှင့်မြို့နယ်ပါတီကော်မတီ ဝင်များက စာတမ်းများဖတ်ကြား ကာ အခမ်းအနား ပထမပိုင်းကို ရပ်နားလိုက်သည်။ မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းအခမ်း အနားသို့မြို့မိမြို့ဖများ၊ မြန်အောင် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးမှပါတီကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထို့နောက် ဒုတိယပိုင်းအခမ်း အနားအစီအစဉ်များကို ဆက်လက် ကျင်းပရာ သဘာပတိအဖြစ်ဦးသန်း ဌေးက ဆက်လက်ဆောင်ရွက်ခဲ့ပြီး ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။ရွေး ချယ်ပွဲပထမပိုင်းအစီအစဉ်အဖြစ် မြို့နယ်ပါတီကော်မတီဝင်ဟောင်း များက နုတ်ထွက်ခဲ့ကြပြီး အဆိုပြု တင်ပြထားသော ပါတီဝင်လောင်း ၃၂ဦး၏အမည်စာရင်းကိုသဘာပတိ က ထုတ်ပြန်ကြေညာပြီး မျက်နှာစုံ ညီအစည်းအဝေးတက်ရောက်လာသူ များကသဘောတူကြောင်းအတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အတည်ပြုချက်ရယူပြီးနောက် မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ခြင်း ကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် မဲအများဆုံးရရှိသူ ၁၅ဦး၏ အမည် စာရင်းကို ထုတ်ပြန်ကြေညာပြီး ၁၅ဦးထဲမှာ ဥက္ကဋ္ဌတာဝန်၊ အတွင်း ရေးမှူးတာဝန်နှင့် ဘဏ္ဍာရေးမှူး တာဝန်တို့ကို အတည်ပြုထားသော မြို့နယ်ပါတီကော်မတီဝင်များက မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။
ဥက္ကဋ္ဌတာဝန်၊ အတွင်းရေးမှူး တာဝန်နှင့်ဘဏ္ဍာရေးမှူးတာဝန် တို့ကိုမဲစနစ်ဖြင့်ရွေးချယ်ပြီးသဘာ ပတိကအမည်စာရင်းကြေညာခဲ့ပြီး ရွေးချယ်တင်မြှောက်ခြင်းခံရသော မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန်ပါတီ ကော်မတီဝင်များက ကတိသစ္စာပြုပြီးကြွေးကြော်သံများ ဖြင့် အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply