နှစ်ရက်အတွင်း မြန်မာလုပ်သား ၉၀၀ နီးပါး ထိုင်းသို့သွားရောက်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ အလုပ်သမား ၉၀၀ နီးပါးသည် ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တိုတွင် MoU ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့မှတစ်ဆင့် မြန်မာ MoU အလုပ်သမားအမျိုးသား ၄၀ နှင့် အမျိုးသမီး ၁၀ ဦးတို့ သည် ထိုင်းနိုင်ငံရှိ Chocksamut Marine Co.,Ltd. တွင် နှစ်နှစ် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီ Golden Royal Mandalay Co.,Ltd. က တာဝန်ယူစေလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်သားများကို ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ Chocksamut Marine Co.,Ltd. တာဝန်ရှိသူများက မြန်မာ MoU အလုပ်သမားများအား ၎င်းတို့အလုပ်လုပ်ကိုင်ရမည့်နေရာသို စနစ္တက် ဆက်လက်ပို့​ ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေ့ပြောင်းလုပ်သား(၈၀၀) ကျော်သည် ဩဂုတ် ၁၉ ရက်တွင်မြ၀တီ-မဲဆောက်ချစ်ကြည်ရေး အမှတ်(၂)တံတားမှတစ်ဆင့်ထိုင်းနိုင်ငံသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်းသိရသည်။

ပို့ဆောင်ပေးခဲ့သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီကုမ္ပဏီများအနက် ပွင့်ဖူးအောင်အေဂျင်စီက စေလွှတ်ခဲ့သည့် လုပ်သား ၃၃၃ ဦးသည် ထိုင်းနိုင်ငံရှိ Yensiri Recycle Co.,Ltd. နှင့် Star Food Group Co., Ltd. စသည့် ကုမ္ပဏီခုနစ်ခုပိုင် စားသောက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံများသို သွားရောက်လုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေရနံ့အေဂျင်စီက စေလွှတ်ခဲ့သည့်လုပ်သား ၁၉၄ ဦးသည် ထိုင်းနိုင်ငံရှိ နာနတ်သီးစက်ရုံသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး New Covenant အေဂျင်စီက စေလွှတ်ခဲ့သည့် လုပ်သား ၂၆၃ ဦးသည် Apple Film Co.,Ltd. Akaradet Co.,Ltd. သို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကာ ရွှေဝတ်မှုခအေဂျင်စီက လုပ်သား ၂၅ ဦး သည်လည်း သက်ဆိုင်ရာစက်ရုံသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

sdtimedaily