ကွန်တီ နဲ့ တူချယ်ကို အက်ဖ်အေ စွဲချက်တင်

တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ကွင်းမှာ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ချယ်လ်ဆီးမန်နေဂျာ သောမတ်စ်တူချယ်နဲ့ စပါးနည်းပြ အန်တိုနီယိုကွန်တီ တို့ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် က စွဲချက်တင်လိုက်ပါတယ်။

နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ မန်နေဂျာနှစ်ဦး က လက်ဆွဲ နှုတ်ဆက်ခဲ့ကြပေမယ့် ကွင်းထဲမှာ ဒေါသတကြီး ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေ က ကြားဝင် ဖြန်ဖြေခဲ့ရကာ ဒိုင်လူကြီး အန်သိုနီတေလာ က နှစ်ဦးစလုံးကို အနီကတ် ပြသခဲ့ပါတယ်။

“ပွဲပြီးဆုံးချိန်မှာ မန်နေဂျာ နှစ်ဦး စလုံးရဲ့ အပြုအမူ က မလျော်ကန်ပါဘူး”လို့ အက်ဖ်အေ က ထုတ်ပြန်ပြောကြားပြီး သူတို့အနေနဲ့ စွဲချက်တွေကို ဖြေရှင်းဖို့ ကြာသပတေးနေ့အထိ အချိန် ရပါတယ်။

ဒိုင်လူကြီး တေလာ နဲ့ပတ်သက်ပြီး တူချယ်ပြောကြားခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အက်ဖ်အေ က စုံစမ်းစစ်ဆေးနေပါတယ်။

တူချယ် က ဗီဒီယိုဒိုင်လူကြီးစနစ်ကို အပြစ်တင်ခဲ့သလို ဒိုင်လူကြီး တေလာ အနေနဲ့ ချယ်လ်ဆီးရဲ့ ပွဲတွေကို မကိုင်တွယ်တော့ရင် ကောင်းမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ တေလာ က ချယ်ဆီးပွဲတွေကို မကိုင်တွယ်ဖို့ ပရိသတ်တွေက လက်မှတ်စုဆောင်းတာ လက်မှတ် ၁၂၂ ၀၀၀ ရပြီလို့လည်း ဆိုပါတယ်။

-Ref:Skysport