ဆိုးလ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားဘူတာရုံများ ရေကြီးကာ ယာဉ်များ နစ်မြုပ်နေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုးလ်ရှိ ဧရိယာ အများအပြား ရေနစ်မြုပ်​နေပြီး မော်တော်ကားများပါ နစ်မြုပ်ကာ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြရသည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့​နေ​သော ဓာတ်ပုံများနှင့် ဗီဒီယိုများတွင်  လမ်းများပေါ်မှာ ရေလျှံနေပြီး မြေအောက်ရထားဘူတာရုံတစ်ခု၏ လှေကားထစ်တွင်လည်း ရေများ လျှံတက်နေတာကို တွေ့ရသည်။

တွစ်တာအသုံးပြုသူ @evh5150 ကလည်း Gangnam ဧရိယာတွင် ဓာတ်အားပြတ်တောက်သွားကြောင်း ပြောကြားခဲ့သည်။ Yonhap သတင်းဌာန၏အဆိုအရ မြို့တော်ဧရိယာအပါအဝင် နိုင်ငံ၏အလယ်ပိုင်းဒေသတွင် တနင်္လာနေ့တွင် မိုးရေ ၁၇၀ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။

ဆိုးလ်မြို့သည် ဒေသစံတော်ချိန် ည ၈ နာရီအထိ ၉၀ ဒသမ ၅ မီလီမီတာ မိုးရွာသွန်းခဲ့သည်။ ဆိုးလ်တောင်ပိုင်းရှိ Dongjak ခရိုင်တွင် တစ်နာရီလျှင် မိုးရေချိန် ၁၃၇ မီလီမီတာ ရွာသွန်းခဲ့ပြီး ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မိုးရေချိန်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Source:CNA