ရိုးမားအသင်းကို ၃ နှစ် စာချုပ်ဖြင့် ဒိုင်ဘာလာ ပြောင်းရွှေ့
အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာဟာ စီးရီးအေကလပ် ရိုးမားအသင်းဆီ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဒိုင်ဘာလာကို ဥရောပ ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။ အခုနောက်ဆုံးမှာတော့ ပေါ်တူဂီနည်းပြ မော်ရင်ဟို တာဝန်ယူနေတဲ့ ရိုးမားအသင်းက အလွတ်ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွယ် ဒိုင်ဘာလာက မိမိကိုအလိုချင်ဆုံးအသင်းကို ရွေးချယ်ခဲ့တာဖြစ်သလို နည်းပြမော်ရင်ဟိုနဲ့ လက်တွဲအလုပ်လုပ်ရဖို့ စိတ်လှုပ်ရှား နေမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။