ပုသိမ်တွင် ကန်ဒေါ်လာနှစ်သန်းကျော် ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပတင်ပို့မည့် အထည်ချုပ်စက်ရုံသစ် လည်ပတ်မှု စတင်
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် အမေရိကန်ဒေါ်လာ သန်း ၂ ဒသမ ၇၇၀ ရင်းနှီးမြှုပ်နှံ ထားသည့် Shuang Xi (Pathein) Garment Co., Ltd. အထည်ချုပ်စက်ရုံ စတင်စမ်းသပ် လည်ပတ်နေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်နှင့်အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၂၅/(ဃ) အရ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု အမိန့်အမှတ် ဧရာ ၀၆၆/၂၀၂၁ ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် စက်ရုံဖြစ်သည်။
ယင်းစက်ရုံမှ အထည်ချုပ်လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းကာ ကုန်ချောအဖြစ် JAKOUHL.Sport အမှတ်တံဆိပ် အဝတ်အထည်များ ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်သား ၁၃၀၀ ကျော်အထိ လက်ရှိ စက်ရုံတွင် ပြည်ပနိုင်ငံသားသုံးဦး၊ လုပ်သားဦးရေ ၄၆၈ ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိသော်လည်း စမ်းသပ်လည်ပတ်မှုကာလပြီးဆုံးပါက လုပ်သားအင်အား ၁၃၀၀ကျော်အထိ ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ sdtimedaily