ချဲလ်ဆီးအသင်းနှင့် စတာလင်း သဘောတူညီမှုရရှိထား
မန်စီးတီးတောင်ပံကစားသမား စတာလင်းဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် စတာလင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ် သက်တမ်း ၁ နှစ်ကျန်ရှိနေပေမယ့် သူ့ကို အခြားထိပ်တန်းလိဂ်က အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စား နေကြတာပါ။ ၂၀၁၅ ခုနှစ်က လီဗာပူးကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ စတာလင်းဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၃၉ ပွဲကစားထားပြီး ၁၃၁ ဂိုး သွင်းယူထား သူဖြစ်ပါတယ်။
လက်ရှိမှာတော့ စတာလင်းဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ချဲလ်ဆီး အသင်းပိုင်ရှင်သစ် တော့ဘိုလီလက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာ ဖွယ်ရှိနေပါတယ်။ စတာလင်းကို စိတ်ဝင်စားနေကြတဲ့အသင်းတွေထဲမှာ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေပါဝင်နေပေမယ့် ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။