အင်ဒိုနီးရှား G-20 အစည်းအဝေးများတွင်လျှပ်စစ်ကား EV များကိုကြော်ငြာ

ဂျပန်ကားထုတ်လုပ်သည့်တိုယိုတာနှင့် နစ်ဆန်းတို့ကပြိုင်ဘက်များဖြစ်သည့် တောင်ကိုရီးယားနှင့် တရုတ်ကို အမီလိုက်နိုင်ရန် ရည်မှန်းပြီး လျှပ်စစ်ကားများထုတ်လျက်ရှိသည်။

အင်ဒိုနီးရှားတွင်ကျင်းပ​နေသည့် Group of Twenty အစည်းအဝေးကို လက်ခံကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်ကာ တိုယိုတာမော်တာနှင့် နစ်ဆန်းမော်တာ အပါအဝင် ဂျပန်ကားထုတ်လုပ်သူငါးဦးသည် ယခုလအတွင်း ဘာလီတွင် ၎င်းတို့၏ လျှပ်စစ်ကားများကို သရုပ်ပြခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

G-20 အစည်းအဝေးများကျင်းပရန် စီစဉ်ထားသည့် Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Nusa Dua ဧရိယာတွင် လျှပ်စစ်ကားများကို ခရီးသည်တင်ယာဉ်များအဖြစ်အသုံးပြု​နေသည်။ Ref: Nikkei Asia