ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

ရွှေပြည်သာ၊ ဇွန်၂၇

(၂၇-၆-၂၀၂၂)ရက် နေ့လည်၁၂:၀၀ နာရီမှ၁၄:၀၀ )အချိန်ထိ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုအရံပါတီကော်မတီဝင်၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦး၊ မြို့နယ်ပါတီဥက္ကဌ ဦးလင်းအောင်အောင်၊ အတွင်းရေးမှူး ဒေါ်မာမာမင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သိဂီ်၊ မြို့နယ်ကော်မတီဝင်များနှင့် ရွှေပြည်သာမြို့နယ်(၂၇) ရပ်ကွက်ရှိ ရပ်ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပါသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် ဗဟိုအရံကော်မတီဝင်၊ ခရိုင်ပါတီဥက္ကဌဦးမင်းသူထွန်းမှ ဆဌမအကြိမ်ဗဟိုကော်မတီ အစည်းအဝေး(၂၀၂၂)အတွေ့အကြုံနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အားလည်းကောင်း ပါတီအကြီးအကဲများ၏ လမ်းညွှန် မှာကြားချက်များအားလည်းကောင်း၊ ခရိုင်အတွင်းရေးမှုး ဒေါ်ချမ်းမြအေးမှ လက်ရှိနိူင်ငံရေးအခြေအနေနှင့်  လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းတို့အား ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်ကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦးမှ မြို့နယ်နှင့် ရပ်ကျေးပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းများ အမြန်ဆုံးဖွဲ့စည်းရေး၊ ပါတီဝင်တိုးပွားလာရေးစည်းရုံးရေးလမ်းစဉ်များ ချမှတ်ပေးခြင်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးလင်းအောင်အောင်မှမြို့နယ်၏ လက်ရှိ အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက်  တက်ရောက်လာသူများမှ ပြန်လည်တင်ပြဆွေးနွေးမှုများအပေါ်ခရိုင်ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည်(၁၄:၀၀) အချိန်တွင် အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။