ရန်ကုန်ဓာတ်ဆီဈေး ကျပ် ၂၃၀၀ ကျော်တွင် ဆက်ရှိနေ

ရန်ကုန်စက်သုံးဆီဈေးကွက်မှာတော့ ဇွန် ၁၃ ရက် ပေါက်ဈေးအရ ဓာတ်ဆီအောက်တိန်း 92 တစ်လီတာကို ၂၃၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ကျပ်၂၃၇၀ ရှိနေပြီး အမြင့်ဈေးမှာ ဆက်ရှိနေတာဖြစ်ပါတယ်။ ဒီဈေးနှုန်း တွေဟာ ရန်ကုန်စက်သုံးဆီဈေးကွက်မှာ အမြင့်ဆုံးစံချိန် ဈေးနှုန်းတွေလည်း ဖြစ်ပါတယ်။ ရန်ကုန်က ဒီဇယ် ဈေးနှုန်းတွေဟာဆိုရင်လည်း ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ်၂၆၁၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကို ကျပ်၂၆၄၀ အထိ ရှိနေတာဖြစ်ပါတယ်။

နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့တွေမှာ အောက်တိန်း 92 တစ်လီတာကို ကျပ်၂၃၅၀ ဝန်းကျင်ကနေ ကျပ်၂၇၀၀ကျော်၊ အောက်တိန်း 95 တစ်လီတာကို ကျပ်၂၄၀၀ ကျော်ကနေ ကျပ်၂၈၀၀ ကျော်အထိ ရှိနေ တာဖြစ်ပါတယ်။ ဒီဇယ်ဈေးနှုန်းတွေကလည်း ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၂၆၀၀ ကျော်ကနေ ကျပ်၂၉၅၀ ကျော်အထိရှိနေပြီး ပရီမီယံဒီဇယ်တစ်လီတာကို  ကျပ်၂၆၅၀ ဝန်းကျင်ကနေ ကျပ်၃၀၀၀ နီးပါးအထိ ရှိနေ တာဖြစ်ပါတယ်။ စက်သုံးဆီဈေးတွေအမြင့်ပိုင်းမှာဆက်ရှိနေသလို တချို့ဆိုင်တွေမှာ စက်သုံးဆီခွဲတမ်းနည်းတာ၊ ပြတ်လပ်တာတွေကြောင့် ဝယ်ယူရာမှာလည်း အကန့်အသတ်နဲ့ပဲ ဝယ်ယူနေရတယ်လို့ သိရပါတယ်။