ပွင့်ဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပွင့်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် မိတ်ဆက်တွေ့ဆုံ
ပွင့်ဖြူ၊ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီအုပ်စု၊ အင်းကုန်း (အနောက်) ကျေးရွာနှင့် ထူးပေါက်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ပွင့်ဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများဖြစ်သည့် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်မောင်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော် ခိုင်ဦးတို့ မိတ်ဆက်တွေ့ဆုံပွဲအား ယမန္ေန ့နံနက် ၁၁ : ၃၀ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။