ပက်ကွီအိုနှင့် ထိုးသတ်မည်ဟု မက်ဂရီဂေါ် ပြောကြား

အိုင်ယာလန် ဘက်စုံသုံးသိုင်းပညာရှင် ကော်နာမက်ဂရီဂေါ်က ၎င်း၏လာမည့် လက်ဝှေ့ပွဲအဖြစ် ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီပက်ကွီအိုနှင့်အ ရှေ့အလယ်ပိုင်းဒေသတွင် ထိုးသတ်မည်ဖြစ်ကြောင်း ပြောကြားသည်။

UFC ဖယ်သာဝိတ်တန်းနှင့် လိုက်ဝိတ်တန်းချန်ပီယံဟောင်း မက်ဂရီဂေါ်သည် ဇွန်လက လက်ဝှေ့လောကမှ အနားယူပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လာမည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ ပြန်ခြေချမည်ဟု ယခုလ စောစောပိုင်းက အရိပ်အမြွက်ပြောကြားခဲ့သည်။

ယခုနှစ်လက်ဝှေ့ပွဲများ မရှိသောကြောင့် စိတ်ပျက်မိကြောင်း တွစ်တာပေါ်တွင် ရေးသားထားပြီး ဇန်နဝါရီက ဒေါ်နယ်ကာရိုနီကို နိုင်သော ဘက်စုံသုံးသိုင်းပြိုင်ပွဲ တစ်ပွဲသာ ထိုးသတ်ခဲ့ရသည့် မက်ဂရီဂေါ်က ကြိုးဝိုင်းထဲ ပြန်လာရန် စီစဉ်နေသည်ဟု ပြောကြား သည်။

၎င်း၏ တစ်ပွဲတည်းသော လက်ဝှေ့ပွဲတွင် ၂၀၁၇ သြဂုတ်က ဖလွိုင်းမေဝယ်သာကို ရှုံးနိမ့်ခဲ့သည့် မက်ဂရီဂေါ်က အသက် (၄၁) နှစ်အရွယ် ပက်ကွီအိုနှင့်ထိုးသတ်မည်ဟု ပြောကြားသည်။ ၂၀၁၅ က ပက်ကွီအိုကိုလည်း အနိုင်ထိုးသတ်ခဲ့သည့် မေဝယ်သာ သည် ပွဲ ၅၀ထိုးသတ်ကာရှုံးပွဲမရှိ ဘဲ အနားယူသွားခဲ့သည်။

ပက်ကွီအိုသည် ပြီးခဲ့သည့်နှစ်က နှစ်ပွဲထိုးသတ်ခဲ့ပြီး ၂၀၁၉ ဇူလိုင်ကကိတ်သာမန်ကို အနိုင်ရ ကာ WBA(Super) ဝယ်သာဝိတ် ချန်ပီယံဖြစ်ခဲ့သည်။ မက်ဂရီဂေါ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ ပက်ကွီအိုကတုံ့ပြန်ခြင်း မရှိသေးပေ။     

SkySports