မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ပါတီအောင်နိုင်ရေးအလံလွှင့်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မှော်ဘီ၊ စက်တင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မှော်ဘီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်များသည် ယနေ့ စက်တင်ဘာ ၉ ရက် နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ပါတီအောင်နိုင်ရေးအလံလွှင့်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပါတီအောင်နိုင်ရေး အလံလွှင့်တင်ပွဲ အခမ်းအနားသို့ မှော်ဘီမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကြည်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းစိုး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ – ဖြိုးဝေလင်း